Discussion with Trainee

Kaigo အလုပ်နဲ့အင်တာဗျူး

  • ၂၉.၅.၂၀၂၄ (ဗုဒ္ဓဟူးနေ့) နေ့လည် ၁:၀၀~၃:၀၀ အထိ DIAM Japanese Language & Skills Training Center မှာ ဂျပန်လူမျိုး ဆရာ၊ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူများရဲ့တွေ့ဆုံဆွေးနွေးပွဲလေး ကျင်းပခဲ့ကြပါတယ်။ 
  • ဂျပန်ကို သွားမဲ့ ကျောင်းသူကျောင်းသားများက မိမိသိလိုတာတွေ ကို ဂျပန်ဆရာ ဆရာမများထံ မေးမြန်းခဲ့ကြပါတယ်။ ဂျပန်ကို အလုပ်နဲ့သွားချင်သူတွေရှိသလို ကျောင်းသွားတက်မဲ့ ကျောင်းသူကျောင်းသားလေးများလဲ ရှိခဲ့ပါတယ်။

 ပွဲလေးရဲ့ အစမှာတော့ ဂျပန်ဆရာများနဲ့ ကျောင်းသား၊ ကျောင်းသူများ မိတ်ဆက်ကြပြီး ဆရာများမှ
မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံရဲ့ ကွာခြားမှုဓလေ့လေးတွေကို ဆွေးနွေးပေးခဲ့ကြပါတယ်။

မိမိသိလိုရာမေး ကဏ္ဍ တွင် ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများ

အကြောင်းအရာများစွာရှိပါတယ်တဲ့…..အဲ့ဒီအထဲကမှ အထူးသတိထားရမှာက…..

Zen Mirai Myanmar မှ ဂျပန်ဆရာမလေးက စိတ်ရှည်စွာနဲ့ အသေးစိတ် ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။

အထူးပေးချင်တဲ့ Message လေးကတော့ ဂျပန်နိုင်ငံရောက်ဖို့ မှန်ကန်တဲ့နည်းလမ်းအဆင့်ဆင့်နဲ့ လုပ်ဖို့လိုအပ်သလို
ဂျပန်မရောက်ခင်အချိန်လေးမှာလဲ မှတ်သမျှစာတွေ ရင်ထဲရောက်ပြီး ပြန်လည်အသုံးချနိုင်ဖို့ အလွန်အရေးကြီးကြောင်း ပြောကြားသွားခဲ့ပါတယ်။

ခုလို ဂျပန်လူမျိုး ဆရာ ဆရာမများနဲ့ တွေ့ဆုံဆွေးနွေးပွဲလေးတွေကို အခါအားလျော်စွာ ဝန်ဆောင်ခပေးရန်မလို
(အခမဲ့) စီစဉ်သွားမှာမို့ DIAM Page လေးကို Like & Follow လေး လုပ်ထားပြီး ဆွေးနွေးပွဲလေးတွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေလားရှင်။

DIAM Japanese Language & Skills Training Center

More To Explore

Activities

Fun Fair

Futsal @ 2026 July
Family Fair @2026 July